ကျိုင်းတုံ မေ ၁
၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့က စုပေါင်းသန့်ရေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဘုရားပန်း၊ ရေချမ်း ကပ်လှူပူဇော်ပြီး ဘုရား ရေသပ္ပါယ်ခြင်းနှင့် ဘုရား ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရပ်တော်မူဘုရားကြီး ရင်ပြင်ဆေးကြောသန့်စင်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးကို ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)