လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် နွေစပါး စံပြကွက်ရိတ်သိမ်းပွဲကျင်းပ

လေးမျက်နှာ မေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် နွေစပါးစံ ပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်း၌ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ကြီးပေါက်ကုန်းကျေးရွာရှိ တောင်သူဦးဇော်မိုး၊ ကွင်းအမှတ်(၉၈၆) ဦးပိုင်အမှတ်(၅၁) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင်စပါးအစိုတင်း(၁၄၀)နှုန်းထွက်ရှိကြောင်း သိရသည်။

နွေစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူး ရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဟိန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိစိတ်ပါဝင်စား သူတောင်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)