ရွှေပြည်သာ မေ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများကို ပြည်သူများထံ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်နှင့်ဂျုံများ ပြည်သူများထံ ဖြန့်ဝေပေးနေမှုအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဆန်နှင့်ဂျုံများ ဖြန်ဝေပေးနေမှုအား အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများအား ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ ရွှေပြည်သာမြို့နယ်အနေဖြင့် အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသော 50Kg ပါ ဆန်အိတ် ၂၂၅၁၄ အိတ် 50Kgပါဂျုံအိတ် ၄၅၀အိတ်တို့အား ပြည်သူများထံဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)