အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ်(၄၅၁)တွင် စိုက်ပျိုးထားရှိသော မိုးစပါးစံပြစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုကြသည်။
Aug 18,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ဝကျေးရွာအုပ်စု၊ တန်လှောင်ကုန်းကျေးရွာ အ-မ-က၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
Aug 18,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအုပ်စု၊ အ-လ-က ခအုန်းမော်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျေး/လက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 18,2023
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့နေ့လယ် ၁၁နာရီက ကမ်းဟောက်အားကစားခန်းမတွင် ပြုလုပ်သည်။
Aug 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော လမင်းစက္ကူစက်ရုံမှ  အာမခံအလုပ်သမား (13008.313.10.1.  90301) ဦးလှိုင်မင်းဦးသည် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ကို ယနေ့နံနက်(၁၀)နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် အကျိုးခံစားခွင့်များ ထုတ်ပေး လျက်ရှိသည်။
Aug 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ မြို့နယ်နာယကဩဝါဒဆရာတော်ကြီးများအား မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ပထမအကြိမ်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ဩဂုတ်လ ၁၆ ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်၌ ကျင်းပသည်။