တီးတိန် ဩဂုတ် ၁၈
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့နေ့လယ် ၁၁နာရီက ကမ်းဟောက်အားကစားခန်းမတွင် ပြုလုပ်သည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းက အဖွင့်အမှာစကားပြောကြားကာ အားကစားသမားများအား နှုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါမိုးရာသီအားကစားပြိုင်ပွဲ၌ ဖူဆယ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် တင်းနစ်အားကစားများကို ဩဂုတ် ၁၆ ရက်နေ့မှ သြဂုတ်၃၀ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်
မြို့နယ် (ပြန်/ဆက်)