လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော လမင်းစက္ကူစက်ရုံမှ အာမခံအလုပ်သမား ဦးလှိုင်မင်းဦးသည် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ကို ယနေ့နံနက်(၁၀)နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် အကျိုးခံစားခွင့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဇွန်လ ၂၈ ရက်နေ့တွင် စက်ရုံ၌ ညဆိုင်းစက်မောင်းတာ၀န်ထမ်းဆောင်နေစဉ် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခဲ့သည့် အာမခံအလုပ်သမား ဦးလှိုင်မင်းဦးအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ငွေ ၄,၃၂၀,၀၀၀/- ကျပ်ကို ဇနီးဖြစ်သူ ဒေါ်အိအိသက်ထံသို့ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) တာ၀န်ရှိသူအဖွဲ့ဝင်တို့က မိသားစုဝင်များရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးမှ သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)