အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း​ စစ်​ကြောင်းကြီးငါး​ကြောင်းဖြင့်​ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်​ပေးခြင်းကို မြို့နယ်အတွင်း​ရှိ​ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆောင် ရွက် လျက်ရှိပြီး ဩဂုတ်လ(၁၇)ရက်​နေ့၊ နံနက်ပိုင်းက ဆတ်က​လေးကျေးရွာအုပ်စု၊ ​ဆတ်က​လေးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းကာဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက်လည်း ​မြို့နယ်တာဝန်ရှိသူများနှင့်ကျေးရွာ​နေပြည်သူများ​တွေ့ဆုံပွဲကိုကျင်းပပြု လုပ်သည်။
Aug 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာတွင် ဩဂုတ်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူအစုအဖွဲ့များထံသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်သည်။
Aug 18,2023
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေရေး မြို့တွင်းလမ်းများခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ခြင်းနှင့် သောက်သုံးရေဖြန့်ဝေပေးခြင်းလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော မြို့တွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းသွားရောက် ကြည့်ရှုစစ်ဆေးသည်။
Aug 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးစီး၍အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုများကို အ.ထ.က(၁)၊ အ.လ.က (၄) နှင့် အ.မ.က (၂) ​ကျောင်းများတွင် ယမန်နေ့နံနက်ပိုင်း၌ ​​ဆောင်ရွက်ခဲ့သည်။
Aug 18,2023
၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအက အရေးအတီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2023
ကျောင်းသား၊​ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်​စေ​ရေး၊ အကျင့်စာရိတ္တ​ကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမ တွင်ကျင်းပသည်။
Aug 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီးထံမှ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးတို့က ဩဝါဒခံယူခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပသည်။
Aug 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။