အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2023
မကွေးတိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ ဥပဒေချုပ်ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ကျင်းပရေးလုပ်ငန်း ကော်မတီဝင်များ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Aug 18,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် နေရပ်ရှောင်စခန်းများရှိ ‌အိမ်ထောင်စုများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ တတိယအကြိမ်အဖြစ် ယနေ့မွန်းလွဲပိုင်းက စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Aug 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) သရဖူခန်းမ၌ ကျောင်းသား‌/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန် ကလေး သူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2023
လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစား ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့၊ နံနက် ၁၀ နာရီ က အလုံမြို့နယ်အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ဒေသအတွင်းသီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအတွက် သီးနှံမျိုးစေ့နှင့်သွင်းအားစုများ အခမဲ့ထောက်ပံ့ပေးအပ် ခြင်းကို ဩဂုတ် ၁၇ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 18,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များ၊‌ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း မိုးစပါးနှင့်မိုးရာသီဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ထားမှုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောင်အင်းလေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သော အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ ၂ထပ် RCC နှစ်ထပ်ကျောင်းဆောင်များ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ညနေ ၃နာရီက အမှတ် (၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲရှိ အဆိုပါကျောင်းဆောင်သစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စမ်းကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာ‌စောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။