Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကမာရွတ်မြို့နယ်၌ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၁၀း၃၀)နာရီ၌ ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက် ဦးဝိစာရလမ်း အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ သိင်္ဂီ မြိုင်ခန်းမတွင် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ ပါသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Aug 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက မုံရွာမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်တင်မိုး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်း-အညာပုဂံမြို့ဟောင်း တောင်ဘက်ရှိ တူးဖော်မှုကုန်းအမှတ် TG-27 မြို့ဝင်ပေါက် တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများအား လေ့လာကြည့်ရှုနိုင်ကြောင်း သိရ
Aug 17,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အဝင် အဘိရာဇာလမ်းမပေါ်ရှိ သဲကျောက်ဆစ်မုခ်ဦးကြီးမှ အရှေ့ဘက်ကိုက် (၂၀၀)ခန့်အကွာတွင်တည်ရှိ သည့်တူးဖော်မှုကုန်းအမှတ် TG-27 မြို့ဝင်ပေါက်တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများ အား ခရီးသွားပြည်သူများအနေဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 17,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ဒေသခံလူ ငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူ ငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့ အားကစား ကွင်း၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၁ဝ)နာရီက စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 17,2023
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးများစတင်ပျိုးထောင်
Aug 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မိုးကောင်းသောက်စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း ကျောက်ပန်တောင်းမြို့နယ် လဲဂွကျေးရွာ မိုးကောင်း သောက်စပါးမျိုး စတင်ပျိုးထောင်နေသည့် ဒေါ်စိုးစိုးထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9787
Page
9788
Page
9789
Page
9790
Current page
9791
Page
9792
Page
9793
Page
9794
Page
9795
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department