အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေး လေ့လာခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပခဲ့ သည်။
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ၂၅၉၀ ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ စိန်ဖူးဝောာ်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ်ပြန်လည်တင်လှူ ပူဇော်နိုင်ရန်အတွက် နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တဉာဏဒီပ သိုက်ကုန်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါဘုရားကြီး တန်းဆောင်းတော်အတွင်း ကျင်းပပြုလုပ်သည်။
Feb 15,2024
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏  (၂၄)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးစစ်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီအချိန်က ဆက်လက်ဖြေဆိုကြသည်။
Feb 15,2024
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄ /၂၀၂၄)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 15,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။