Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာစည်မြို့နယ်တွင် အဆင့်မြင့်ဘော်လီဘောအားကစားသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Aug 16,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆင့်မြင့်ဘော်လီဘောအားကစားသင်တန်းကို မြို့နယ်ပြည့်သူ့ကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် အစားထိုးပစ္စည်းများအသုံးပြုရေး အသိပညာပေးခြင်းများဆောင်ရွက်
Aug 16,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှုအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးနှင့်သုံးစွဲမှုပပျောက်စေရေး အသိပညာပေးခြင်းများကို ဩဂုတ် ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲက လှိုင်းတက်စည်ပင်သာယာဈေးနှင့်သာစည်မြို့မဈေးကြီးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာဗင်–A နှင့် သံချဆေးတိုက်ကျွေး
Aug 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၄ ရက်နေ့ ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာဗင်–A နှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား)လုပ်သားမွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား
Aug 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဗဟိုငှက်ဖျားကာကွယ်တိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားပါက ထိရောက်စွာကာကွယ်ကုသနိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုအခြေပြုဘက်စုံစေတနာ့ဝန်ထမ်း (ငှက်ဖျား) လုပ်သားမွမ်းမံသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ သြဂုတ်လ ၁၂ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၃–၂၀၂၄)ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (အခြေခံအပ်ချုပ်စက်)(၂)လသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Aug 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်စီစဥ်ဆောင်ရွက်မှုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ ဗထူးအားကစားကွင်း၌ မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲကျင်းပ
Aug 16,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲကို ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြားအသုံးဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်းပွ…
Aug 16,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆားစသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9779
Page
9780
Page
9781
Page
9782
Current page
9783
Page
9784
Page
9785
Page
9786
Page
9787
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department