မာန်အောင် သြဂုတ် ၁၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအုပ်စု၊ အ-လ-က ခအုန်းမော်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အ-လ-က ခအုန်းမော်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ဆောင်ရန်၊ရှောင်ရန်အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် (Life Jackets) အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်တတ်စေရန် လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)