ကြံခင်း ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးစစ်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီအချိန်က ဆက်လက်ဖြေဆိုကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4၊ Grade-5၊ Grade-6၊ Greade-7၊ Grade-8၊ Grade-11) ကျောင်းသား၊ ကျောင်းသူများက စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်ကို ဖြေဆိုလျက်ရှိပြီး (Grade-12) ကျောင်းသား၊ ကျောင်းသူများက ၂၀၂၄ ခုနှစ်၊ အထက်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါအတန်းတင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာ စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းစုများမှ ဆရာကြီး၊ ဆရာမကြီးများဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကျောင်းပတ်ဝန်းကျင် လုံခြုံရေး၊ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်းနှင့် အဆိုပါနှစ်ဆုံးစာမေးပွဲ စစ်ဆေးဖြေဆိုခြင်းကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ထိ ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)