ဖျာပုံမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ

ဖျာပုံ ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးပုံအား သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေး လေ့လာခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းတကျ မှန်ကန်မှုရှိပြီး မဲပေးစနစ်သည် ရိုးရှင်းပြီး အင်မတန်လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံ၊ မဲပေးခြင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့ မဲပေးလေ့လာခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်လင်းဦး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အပါအဝင်၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်ပြည်သူများ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)