ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာမြေရေရှည်တည်တံ့စေရန်အတွက် သဘာဝတရားနှင့်အညီ ပြုမူနေထိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့်လိုက်လျောညီထွေစွာ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားတိုင်း ပူးပေါင်းဆောင်ရွက်ကြစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က သင်တန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းတွင် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ (၈)ခုမှ တာဝန်ခံများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ(၃၀)ဦးအား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ခရိုင် (ပြန်/ဆက်)