အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီ  ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
Feb 16,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန်ရည်ရွယ်၍ အရှင်စန္ဒိမာ (ရွှေဂန္ထ၀င်) ရေးသားသည့် ''အောင်မြင်သောဘ၀ကို ပုံဖော်ခြင်း'' စာအုပ်ကို ယမန်နေ့ နံနက် (၉) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။
Feb 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်၊  ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ကျောင်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရွှေပြည်သာမြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ (ကျုချောင်) သုသာန်‌မြေအဖြစ် အသုံးပြုရာတွင် ပါဝင်သော မြေများလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၀၁:၃၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးမြို့၊ ဈေးသူ/ ဈေးသားများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးမြို့အတွင်းရှိ ဈေးသူ/ ဈေးသားများ တက်ရောက်ခဲ့သည်။