အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၁၅ နံနက် (၁၀)နာရီအချိန်တွင် အိမ်မဲပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်စွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ပေကုန်းကျောင်း၌ ကျင်းပခဲ့သည်။
Aug 17,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
Aug 17,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့မနာရီစင်ခွဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
Aug 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက  ကျင်းပခဲ့သည်။  
Aug 17,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာ၊ အတတ်ပညာမြင့်မားကာ အမှားအမှန်များ ဝေဖန်ပိုင်းခြားတက်စေရေး၊ ကိုယ်ပိုင်ဉာဏ်စွမ်းများတိုးတက်လာစေရေး၊  လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း လူငယ်အသိပညာပေးဟောပြောပွဲများနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ဩဂုတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က(၇)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်အသိ ပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။