အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ရွှေမြို့နယ်မြေ ရဲစခန်းမှ ဦးဆောင်ကျင်းပသည့် ရပ်ရွာအေးချမ်းသာယာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာမှဝန်ထမ်းသစ် များအား တောခေါင်း/တောကြပ်များ၏ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၅)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်သစ်တော ဦးစီးဌာနရုံးတွင် ဖွင့်ပွဲကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို  ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ကနံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်း၍ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက သကြားဟင်းအိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်တွင် မြို့နယ်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံးတွင် ယနေ့နံနက်(၁၀)နာရီက Book Club ၊ Youth Club အဖွဲဝင်များနှင့် စာဖတ်ဝိုင်းကိုပြုလုပ်ရာ အဖွဲ့ဝင်များမှ"ခင်စောတင့်" ရေးသားသော၊"ကောင်းကျိုးတည်ရန်မျှော်လင့်သည်"စာအုပ်ဖြင့်စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့သည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့်  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀ နာရီက ‌ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးကာကွယ်ရေး ပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ နှင့် မြို့နယ်စိုက်ပျိုးရေးဦးမှူး ဦးထွန်မျိုးသန့်နှင့် စိုက်တိုးမြှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ငပုတောမြို့နယ်လိပ်ချောင်းကျေးရွာအုပ်စု တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးထားသည့် Super sun- 41 နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုသည်။
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ပဋ္ဌာန်းအောင်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပကြောင်းသိရသည်။