အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ဆီကုန်သည်နှင့် ‌ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဌဦးကျော်သူ၊ ခရိုင်စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု‌ဆောင်အရာရှိဦးတင်ထွန်းလွင်နှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  နွေစပါးမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နေ့‌လည် (၂) နာရီအချိန်က အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်‌ကျေးရွာတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာတိုက်နယ်ကျန်းမာရေးဌာနတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  
Feb 16,2024
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်း၍ လူမှုဖူလုံရေးအကျိုးခံစားခွင့် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2024
လားရှိုးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့ သူနာပြုသင်တန်းခန်းမတွင် ကျင်းပသည်။
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့‌၊ ထေရဝါဒဘုန်းကြီးကျောင်း၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စာသင်သားကိုရင်များအား သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။