Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောသရုပ်ပြသ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျှက် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က အမှတ် (၁) အထည်စက်ရုံရှိ ၀န်ထမ်းများအား မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မန္တလေးတိုင်းဒသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့် ကွင်းဆင်းစစ်ဆေး အကြံပြုခြင်းလုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်၌ မန္တလေးအဝေးပြေးလမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံလုပ်ငန်း သဘောတူ နားလည်မှု စာချုပ်ချုပ်ဆို
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ရမည်းသင်းမြို့ ရွှေစည်တော်အဆင့်မြင့်ခရီးသွားပို့ဆောင်ရေးတို့သည် ခရီးသွားပြည်သူတို့အကျိုးပြုနိုင်ရန် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ ယာဉ်လိုင်းများ အထူးခရီးသွား အာမခံလုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်၁၀ နာရီက ရမည်းသင်းမြို့ မော်တော်ယာဉ် လိုင်းပေါင်းစုံရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး၌ အထူးတရားပွဲကျင်းပ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ ဘုရားကြီးလမ်း၊ သကျမဟာသီရိဘုရားကြီးတွင် ယမန်နေ့ည (၈)နာရီအချိန်က အထူးတရားပွဲကျင်းပရာ ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ (Ph.D, Buddhism India, ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ချင်းတောင်တန်း သာသနာပြုဆရာတော်)က “စံထားလောက်သောအလှူ” ခေါင်းစဉ်ဖြင့် တရားဟောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ စုစုပေါင်းအင်အား (၂၀၀၀)ဦးခန့် တရားနာယူကြပြီး ဓမ္မပူဇာငွေ (၄,၆၀၅,၀၀၀) ကျပ်အား စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်
Feb 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်တွင် ဆီသီးဈေးနှုန်း ထပ်မံမြင့်တက်လာကာ တစ်တင်း ၁၅၀၀၀ ကျပ်ရောင်းချနေရ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ဆီးသီးစျေးနှုန်း ပေါ်ဦးပေါ်ဖျား ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ထိ တစ်ပတ်အတွင်း ဈေးနှုန်းတက်ခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသည့် ကျေးလက်တောင်သူများ မိသားစုဝင်ငွေ တွက်ချေကိုက်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ…
Feb 16,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို မြန်မာတို့၏ ထုံးတမ်းစဉ်လာအရ တပို့တွဲလတွင် ပြုလုပ်ကျင်းပကြမြဲဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါကြောင်း၊ ထမနဲထိုးပွဲတော်သည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်ယူသွားရမဲ့ အဓိပ္ပာယ်နှင့် အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ထမနဲထိုးအသင်းများ ပျော်ရွှင်စွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ယှဉ်ပြိုင်ကြစေရေးအတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီများမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ နွေစပါးများပိုမိုထွက်ရှိရေး လက်စွဲကောက်စိုက်စက်ဖြင့် သရုပ်ပြသစိုက်ပျိုး
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ နွေစပါးများ ပိုမိုထွက်ရှိရေး လက်စွဲကောက်စိုက်စက်ဖြင့် သရုပ်ပြသစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ စနစ်ကျလယ်ယာမြေ၊ ကွင်းအမှတ် (၂၀၄၄)တောင်သူ ဦးမြ၏ နွေစပါးစိုက်ကွက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9768
Page
9769
Page
9770
Page
9771
Current page
9772
Page
9773
Page
9774
Page
9775
Page
9776
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department