ငပုတောမြို့နယ်၌ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ငပုတော ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ဆီကုန်သည်နှင့် ‌ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဌဦးကျော်သူ၊ ခရိုင်စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု‌ဆောင်အရာရှိဦးတင်ထွန်းလွင်နှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ကုန်စည်ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးတို့အတွက် ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားပြီးခရိုင် စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းလွင်က ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက အလုပ်အမှုဆောင်ရွေးခြယ်ကြပြီး အခမ်းအနား ပြီးမြောက်ခဲ့ကြောင်းသိရသည်။ 

အောင်သူ (ငပုတော)