လားရှိုးမြို့တွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၆

လားရှိုးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့ သူနာပြုသင်တန်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် လားရှိုး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟေမာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင်ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသူများက  ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)