မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ထေရဝါဒဘုန်းကြီးကျောင်း၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စာသင်သားကိုရင်များအား သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းဝိုးစိန်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ထေရဝါဒဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အရှင်သီရိသုဓမ္မထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စာသင်သား ကိုရင်(၃၈)ပါးအတွက် သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်၊ ခဲတံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဘုန်းကြီးကျောင်းဝင်းအတွင်းနှင့် စေတီတော်ရင်ပြင်သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ကုသိုလ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)