အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သာယာဝတီမြို့ Max စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့​ကြသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၁) ရပ်ကွက် သစ်ဆိမ့်ကုန်းအနောက်လမ်းမတော်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည(၇)နာရီခွဲအချိန်ခန့်က ဦးစိန်သန်း၏ နေအိမ်မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်အတွက် အဆိုပါမီးဘေးသင့် အိမ်ထောင်စု ဝင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် သက်ဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်‌ထောင်စုများအား‌‌ ဆန်၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေး တောင်သူစိုက်ကွင်းတွင် သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ခွေးရူးရောဂါဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ကူးစက်တက်သော ရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီတွင် တောင်ပို့တရာ ကျေးရွာအုပ်စု သီရိမင်္ဂလာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။