အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ်​ နေ့သင်တန်းများအတွက် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Feb 16,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာစီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာ "ဝဥ" စိုက်ပျိုးရေးအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းများအား တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (Mobile Phone) ဖြင့် Video Editing သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများမှုကြောင့် တောင်သူများအနေဖြင့် ဆန်စပါးနှင့် ယာမြေများတွင် မြေအောက်ရေနှင့် မိုးရေများကို အသုံးပြု၍ ပဲအမျိုးမျိုး၊ ဆီထွက်သီနှံ အမျိုးမျိုး၊ ငရုပ်၊ ကြက်သွန်၊ ပြောင်း၊ ဝါ စသည့် ယာသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများနှင့် မီးဖိုဆောင်သုံး ကာလတို သီးနှံများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုအခါ သွင်းအားစု နည်းပါးပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ရွှေမြင်တင် ဘုရားလမ်းတွင် ယမန်နေ့ ည ၂ နာရီအချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပရိယတ္တိမာမကအသင်းက ကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ အောင်မြင်သော သာမဏေများအား ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။