Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးခရိုင်အတွင်း၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် လူနေအိမ်အလုံးပေါင်း (၂၀၀)ကို ပြုပြင်ဆောင်ရွက်ပေး
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် လူနေအိမ်အလုံးပေါင်း (၂၀၀)ကို ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Feb 16,2024
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့် တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှါးရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် နိကာယ်ငါးရပ် စာမေးပွဲဖြေဆိုရန် ကြွရောက်လာသည့် ရဟန်း၊ ရှင်သာမဏေများအား ကြိုဆိုလှည့်လည်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံကျောင်းတိုက်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ(၃)နာရီ အချိန်၌ ဘိုကလေး-စက်ဆန်း လမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေး ကော်မတီဝင်များ ကြိုဆို၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ ဖြေဆို
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်စစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင်လည်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေး လေ့ကျင့်ပေးလျက်ရှိ
Feb 16,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေး နေ့စဥ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ကွင်းအမှတ်- ၁၆၂၃(က) လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုအား လာရောက်ကြည့်ရှု
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ကွင်းအမှတ်-၁၆၂၃(က) လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုများကို ယနေ့နံနက် ၉ နာရီ၊ ၃၀ မိနစ်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁ /၂၀၂၄ ) သင်တန်းဆင်းပွဲကျင်းပ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄ ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ ကန်တော်လေးကန်ဘောင်၌ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9766
Page
9767
Page
9768
Page
9769
Current page
9770
Page
9771
Page
9772
Page
9773
Page
9774
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department