အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ  (၂၀)ရက်နေ့အထိ  စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့(ပထဝီဝင်)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။         
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခြေခံပညာအထက်တန်း ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က ညောင်စာရေးကျောင်း၌ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လူငယ်များ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဗဟုသုတတိုးပွားလာစေရန်နှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝမ်းတွင်းမြို့မဈေးနှင့် သဲတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်းနှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင်  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် အမှတ်(၃) ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။