ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း ဒုတိယမြောက်နေ့ ဆက်လက်ဆောင်ရွက်

ချောင်းသာ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာတိုက်နယ်ကျန်းမာရေးဌာနတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအား ဦးထွန်းအောင်ကို (တိုက်နယ်ကျန်း မာရေးဌာန၊ တာဝန်ခံ) ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံသူများအား စာရင်း ရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဖြင့် စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရှိ ရသည်။

ချောင်းသာမြို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)