သာပေါင်း ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေး ဂရုပြု အလေးထား ဆောင်ရွက်ရန်၊၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှု စာရင်းတင်ပြရန်၊ (၈၆)ဘီလီယံနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုရယူ တောင်သူများ ဝယ်၊ ကြိတ်အဖွဲ့သို့ စပါးပေးသွင်းမှု စာရင်းကြီးကြပ်တင်ပြရန်၊ နွေစပါး လျာထားဧကအပေါ် စိုက်ပျိုးပြီးစီးမှု စာရင်းတင်ပြရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ် စိုက်ပျိုးဖြစ်ထွန်းမှု စာရင်းတင်ပြရန်၊ မျိုးစေ့ထွက်ရှိမှုနည်းပါက ကြိုတင် ဝယ်ယူစုဆောင်း ထားရှိရန်၊ ဆောင်းနေကြာလျာထား(၂၅၂၆)ဧကအပေါ် ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးဖြစ်ထွန်းမှု တင်ပြရန်၊ ဆောင်းသီးနှံ (၁၀၀)ဘီလီယံ သွင်းအားစု ဆောင်းသီးနှံ မြေပဲ(၁၂၀၀)ဧက၊ နေကြာ(၂၅၂၆)ဧက ရယူရေး တောင်သူစာရင်းတင်ပြရန်၊ စနစ်တကျ ဆောင်ရွက်ရန်၊ EID နိုင်ကတ် မလုပ်ရသေးသူများ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ကွင်းဆင်းပါက စုစည်းပေး၍ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
အရန်မီးသတ်တပ်ဖွဲ့၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ဆောင်ရွက်ရန်၊ ဗေဒါများဆယ်ယူ၍ မြေဆွေးမြေသြဇာပြုလုပ်၍ စားပင်သီးပင်များ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေးဌာနမှ ကော်ဖီပျိုးပင်များ အခမဲ့ရယူ၍ အရိပ်ရ အပင်အောက်တွင် စိုက်ပျိုးရေး ဆောင်ရွက်ရန်၊ လစဥ်လူဦးရေ စာရင်းအား (၂၂)ရက်နေ့အရောက် စာချောဖြင့် ပေးပို့ရန်၊ အလှူခံခွင့် တင်ပြပါက သေချာစိစစ်ပြီးမှ ထောက်ခံတင်ပြရန်၊ ခွင့်ပြုချက်ရရှိပြီးပါကလည်း သတ်မှတ်ကာလ၊ နေရာ၊ ခွင့်ပြုထားသည့် လူပုဂ္ဂိုလ်အတိုင်းသာ အလှူခံဆောင်ရွက်ရန်၊ (Clean City ၊ Green City) ဖြစ်ရေး၊ ရပ်ကွက်၊ ကျေးရွာအလိုက် သန့်ရှင်းရေးဆောင်ရွက်ရန်၊ ကားလမ်းဘေး ဝဲ၊ ယာကျေးရွာအုပ်စုများ မြက်ဖြတ်စက်များ ဝယ်ယူပြီး လမ်းဘေးမြက်များ မီးမရှို့ဘဲ စက်ဖြင့်ဖြတ်ပြီး စွန့်ပစ်ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၁၂ ခုနှစ်၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်တွင် ဆီဖူလုံရေး ရည်မှန်းချက်ထားရှိသဖြင့် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)တိုးချဲ့စိုက်ပျိုးရန်၊ ရိုးပြတ်ကျန် မရှိစေရေးအတွက် စိုက်ပျိုးနိုင်မည့် သီးနှံများ စိုက်ပျိုးရန်၊ လောင်းကစားဝိုင်းများ ပြုလုပ်မှုမရှိစေရေး ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး သယ်ယူ၊ ဝယ်ယူရောင်းချ ဖြန့်ဖြူးသုံးစွဲမှု မရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ နွေစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ ကျီးပင် (33KVA) ဓာတ်အားခွဲရုံ၊ မတ်လဖွင့်မည်ဖြစ်၍ ရုံးပင်၊ ငါးဘတ်ချောင်း၊ ကျီးပင်၊ ကမ္ဘဲ့ညောင်ကုန်း ကားလမ်းဘေး ဝဲယာ ခြုံနွယ်၊ အမှိုက်သန့်ရှင်းရေး ဖေဖော်ဝါရီလကုန် အပြီးရှင်းလင်း ဆောင်ရွက်ရန်၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများအားလုံး ပုံစံ(၂၇)မျိုး စာရင်းဇယား စနစ်တကျ ပြုစုထိန်းသိမ်းထားရန် ၊Database စနစ်အတွင်း ထည့်သွင်းထားရှိနိုင်ရေးအတွက် (Excelfile)ဖြင့် လစဥ်စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)