ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၁) ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရေကြည် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၁) ရပ်ကွက် သစ်ဆိမ့်ကုန်းအနောက်လမ်းမတော်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည(၇)နာရီခွဲအချိန်ခန့်က ဦးစိန်သန်း၏ နေအိမ်မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်အတွက် အဆိုပါမီးဘေးသင့် အိမ်ထောင်စု ဝင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် သက်ဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့်က ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုဝင်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်း၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း၊ (၁၇)မျိုးပါ ပုံး(၁)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)