ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ဟုမ္မလင်း ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ တာဝကျဆရာဝန်များ၊ ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုးများအား  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း(၁၃၅)ဦးအား အခမဲ့ကုပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများအား အလှူရှင်မိသားစုဝင်များက အာဟာရဒါနအ​နေဖြင့် ကြက်သားဆန်ပြုတ်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)