Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်…
Feb 16,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတူ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာလျက်ရှိ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းစမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊အသင်းအဖွဲ့များနှင့်မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ ဖြေဆိုလျက်ရှိ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် Grade-4 ၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင်စာမေးပွဲများကို (တတိယနေ့) အဖြစ် ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်များကို ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်လေ့ကျင့်ပေးခြင်း ဆောင်ရွက်
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်မှ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်) တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အဆိုပါဆေးရုံဝန်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၌ ရပ်ကွက် (၃) အတွင်း ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထ ရှိလာစေရန်ရည်ရွယ်၍ ယနေ့နေ့လယ် ၂ နာရီက အမှတ် (၃) ရပ်ကွက်အတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွတ်သောအာဟာရများအကြောင်းသိကောင်းစရာ’ ဟေ…
Feb 16,2024
လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများအား အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသောက်နိုင်ရန်ရည်ရွယ်ပြီး ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့် ရိုးရာအစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9759
Page
9760
Page
9761
Page
9762
Current page
9763
Page
9764
Page
9765
Page
9766
Page
9767
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department