အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Feb 16,2024
ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများ၏ မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုအစီအစဉ်ဖြင့် ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ ၂၂ရက်နေ့အထိ ၁၀ ရက်တိုင် ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိအတွင်းတိမ် စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းဆောင်ရွက်ပေးမှုအား ယနေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှုခံယူပြီးသူလူနာများကို အားပေးစကားပြောကြားကာ နေကာမျက်မှန်များတပ်ဆင်ပေးကြသည်။
Feb 16,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2024
ဘုရားရှင်၏ နှုတ်ကပါတ်တော်များဖြစ်သည့် ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဆိုခြင်းဖြင့် ပြည်သူ၊ ပြည်သားများအားလုံး ဘေးအန္တရာယ်များ မကျရောက်စေရန်၊ ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်စေရန်နှင့် ငြိမ်းအေးချမ်းသာခြင်းသုခကို ရရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ အသံမစဲဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းတိုက်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 16,2024
ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍   မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများအား မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် မီးငြိမ်းသတ်နည်းများကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်(၉)နာရီတွင် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက ​နွေစပါးမြောင်းများ တူးဖော်လျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ကျင်းပပြုလုပ်သည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။