သရက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများ လိုက်လံစစ်ဆေး

သရက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပြည်တော်အေး ရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သရက်မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးမင်းကျော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား မီးဘေးအန္တရာယ်စိုးရိမ်ရသည့် လျှပ်စစ်မီးကြိုး သွယ်တန်းထားရှိရာတွင် ကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိ ၊ အရေးကြီး ရုံးစာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထားခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)