ကန့်ဘလူ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် အတွဲ( ၂၁)၊ အမှတ်( ၂) ဒို့ကျေးရွာဂျာနယ်မှ ဆရာချစ်နိုင် (စိတ်ပညာ)၏ သုတနှင့်မုတ အတွေ့အကြုံ၊ အတွေးအမြင် ဆောင်းပါးအား ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာပေချစ်မြတ်နိုးသူများအချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် ရရှိစေရန်နှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူမျာက သုတနှင့်မုတ အတွေ့အကြုံ ဆောင်းပါးပါ အကြောင်းအရာများကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)