ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဖြူ   ဖေဖော်ဝါရီ   ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့‌နံနက်(၂၀)နာရီ အချိန် ‌ရေဖြူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ဈေး၊ ခန်းမ၊ စတိုးဆိုင်များ၊ နေအိမ်များတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်ကိုမင်း ဦး‌ဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက  မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ် ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မီးဘေးအန္တရာယ်တစ်ခုခုကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်ရန် (191)စတေကာအပြားများကိုလည်း  ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းထံမှ သိရသည်။

ခတ္တာ