လားရှိုး ဖေဖော်ဝါရီ ၂၀
လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့တွင် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ဝန်ထမ်းများအား အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုူးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း(၃၀)ဦးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)