ကျွန်းစုမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191) စတစ်ကာများ ကပ်ခြင်းများ ဆောင်ရွက်

ကျွန်းစု ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191)စတစ်ကာများ ကပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်းကားသောနေရာများ​၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းမကြီးနှင့် ဘုရင့်နောင်လမ်းဆုံ၊ မြို့နယ်ပြည်သူ့ဆေးရုံအရှေ့တို့၌ မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ် (191)ပါရှိသည့် စတစ်ကာများ ကပ်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)