လိပ်သို ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့လမ်းဦးစီးဌာနသည် တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုံးလမ်း NH (21) ပြည်ထောင်စုလမ်း၊ ကရင်ပြည်နယ်အပိုင်းတွင် သဘာ၀ဘေးဒဏ်ကြောင့် လမ်းပျက်စီးမှုနည်းပါးစေရန်၊ ရေရှည်တည်တံ့ ခိုင်မာစွာအသုံးပြုနိုင်ရန် လမ်းကြံ့ခိုင်ရေးလုပ်ငန်းများကို အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပြုပြင်ထိန်းသိမ်းလျက်ရှိရာတွင် ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ သံမိုးတောင် ကျေးရွာလမ်းပိုင်းတွင် Box Culvert (၂) ခု ၊ ဇလဲကျေးရွာလမ်းပိုင်းတွင် Box Culvert (၄) ခု၊ ဗဟုန်းကျေးရွာနှင့် ကျေးမင်း ကျေးရွာလမ်းပိုင်းတွင် Box Culvert (၄) ခု တည်ဆောက်ပေးမှုမှာ ပြီးစီးသွားပြီဖြစ်၍ မော်တော်ယာဉ်များ၊ ခရီးသွားလာသူ ပြည်သူများ ကုန်စည်သယ်ယူပို့ဆောင်မှုများ အဆင်ပြေချောမွေ့လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)