ကျွန်းလှ၌ EM ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်း အသိပညာပေး (Talk Show) ဆောင်ရွက်

ကျွန်းလှ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း (Talk Show) ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်အောင်က (Talk Show) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားပြီး EM ဘိုကာရှီမြေဆွေးပြုလုပ်ရာတွင် ပါဝင်သည့် တောင်သူ စွန့်ပစ်ပစ္စည်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်၊ သုံးစွဲနည်းနှင့် အကျိုးကျေးဇူး ရရှိပုံများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် ပြပွဲပြိုင်ပွဲများ၊ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)