ရေနံချောင်း ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရန်အတွက် Census Unit ရေးဆွဲကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်အောင်ကျော် ဦးဆောင်၍ ဌာနဝန်ထမ်းများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စားရင်းကောက်ယူရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၁၄)ရပ်ကွက်တွင် ကောက်ကွက်ပေါင်း(၁၂၃)ကွက်မှ အိမ်ထောင်စု ၁၂၃၉၁ စုအား Census Unit ရေးဆွဲခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် Census Unit အဆောက်အအုံတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၈ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ရက်ကွက် ၄ ရပ်ကွက်မှ အပိုင်း ၁၈ ပိုင်းရှိ အဆောက်အအုံ ၁၇၅၀ လုံးအား ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)