အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများ၊ မွေးမြူရေးဇုန်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဗျတ္တပန်းဆက်လမ်းတစ်လျှောက် ကားလမ်းဘေးကျေးရွာတစ်ချို့မှ ခရီးသွားကားများထံမှတောင်းရမ်းမှုပပျောက်ရေး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဗျတ္တပန်းဆက်လမ်း တစ်လျှောက်ပြုလုပ်ခဲ့ကြသည်။
Aug 23,2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန (CICC)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
Aug 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေးများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
Aug 23,2023
ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွပ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်တွင် ရေကျော်ချဉ်းကပ်လမ်းမြေထိန်းနံရံတည် ဆောက်လျက်ရှိကြောင်း သိရသည်။