အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်းအား မတ်လ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ ၁၁နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းကြက်သွန်နီ ၁၁၂၅ ဧက စိုက်ပျိုးထားရှိကာ နှုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဇန်နဝါရီလ တတိယပတ်လောက်ကစတင်၍ နှုတ်သိမ်းလျက်ရှိရာ ယနေ့အထိ ဆောင်းကြက်သွန်နီစိုက်ဧက ၂၉၄ ဧက ပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၃၀၀ ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ တစ်မျိုးသားလုံးကျန်းမာသက်ရှည်စေရေးအတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးထိုးနှံခြင်း  IMMUNIZATION IN PRACTICE (HP)  သင်တန်းကို  မြို့နယ်ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမတွင် ၁၉-၂-၂၀၂၄ ရက်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးကြောင်း  သိရသည်။
Feb 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းနှင့် အ​ခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိသည်။
Feb 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလောခရိုင် ဥပဒေအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Feb 21,2024
မီးဘေးအန္တရာယ်‌ကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ပျဉ်းကတိုးကုန်းအုပ်စုတွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ်  တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ၁၉-၂-၂၀၂၄ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။
Feb 21,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီက အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။