အမြို့မြို့အနယ်နယ်သတင်းများ

Mar 05,2024
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဟိုမိန်းမြို့မဈေးနှင့် လူစည်ကားရာနေရာများ ဈေးရောင်းဈေးဝယ်ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်မှ ၁၉ ရက်‌နေ့အထိ ကျင်းပပြုလုပ်မည့်  တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့်  ကျောင်းသား/ ကျောင်းသူ  ၁၈  ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။   
Mar 05,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သူငယ်တော်ကျေးရွာတွင် ကျောင်းသား/သူများ အေးခမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဟောင်းများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
Mar 05,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၂) ကြိမ်မြောက် သံဃာ့ဒါနဆွမ်း ဆန်တော်လောင်းလှူခြင်း ရေစက်ချတရားပွဲကို ရွာနာမ်စေတီဓမ္မာရုံ၌ မတ်(၃)ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။
Mar 05,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် (၇) နာရီက ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ၂၉× ၃၀ လမ်းကြား၊ သင်္ဂဇာချောင်း အရှေ့ဘက်ပါတ်လမ်းတွင် ပြည်သူများအား အခြေခံ စားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mar 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 05,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၁၁)ကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့က ပ/ကျားထူးကျေးရွာ ဦးဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။   
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၉) နာရီခွဲ အချိန်က  စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။