အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်‌နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး နာကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ သန္တိကရစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၃ ကြိမ်မြောက်ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ၂၀-၂-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သန္တိကရစေတီတော် အနောက်ဘက်မုဒ်၌ ကျင်းပသည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်အကြောင်း ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိက ဆိုင်ခန်းပိုင်ရှင်များအား ရှင်းလင်းပြောကြားသည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ကုလားပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော်ပထမဘုံဆင့် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က နောင်တော်ကြီး ဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများနှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ နှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဧကာဒသမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။