ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော (၂၀၂၄) ခုနှစ်၊ ဆောင်းနေကြာ (ဆင်းရွှေကြာ-၂) စံကွက်ရိတ်သိမ်းပွဲကို ဆုံလဲကျေးရွာအုပ်စု တောင်သူ ဦးမြင့်အေး၏ သပြေလှကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ထိုသို့ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းရာတွင် ဆုံလဲကျေးရွာအုပ်စု ကွင်းအမှတ် (၂၃)၊ ဦးပိုင်အမှတ်၊ မ/၇၁၊ တောင်သူ ဦးမြင့်အေး၏ လယ်မြေတွင် ဆင်းရွှေကြာ(၂) ၊ တစ်ဧကအထွက် တင်း (၁၀.၉၂) တင်း၊ အစိုတင်း (၁၂.၁၃)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)