အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ရှင်းလင်းပွဲကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ချပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမမှ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးသိန်းထိုက်မှ MSME ချေးငွေများထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ချေးငွေအဆိုပြုလွှာတင်ပြရမည့် အထောက်အထားများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြ‌သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး၊ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့​သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)