အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံအား ကစားခန်းမ၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က ပင်စင်ထုတ်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်မြို့နယ်အဆင့်  အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းမြို့နယ်မီးသတ်ဦးစီးမှုး ဦးမင်းအောင်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Feb 22,2024
စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၁)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီက အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်စျေး (B) ရုံအပေါ်ထပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ချင်းပြည်နယ်တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀-၂-၂၀၂၄ ရက်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။