ပန်ဆောင် ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး နာကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ သန္တိကရစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၃ ကြိမ်မြောက်ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ၂၀-၂-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သန္တိကရစေတီတော် အနောက်ဘက်မုဒ်၌ ကျင်းပသည်။
ပြိုင်ပွဲတွင် သန္တိကရစေတီတော် မြန်မာ့ရိုးရာထမနဲပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဇင်းဝမ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် ဆုများအသီးသီးချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ထမနဲများကို အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော်များအား ထမနဲဆွမ်းလောင်းလှူခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနှစ်ရက်သားသမီးများအား ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)