ကျွန်းလှ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်နှင့် ပြဌာန်းချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ အကျိုးခံစားခွင့်၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းဇော်ထွန်းက လတ်တလော ဖြစ်ပေါ်နေသည့် သတင်းအတု၊ သတင်းအမှားနှင့် ပတ်သက်ပြီး သတင်းအမှန်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိသဘောပေါက် နားလည်စေရန် ဆွေးနွေးခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)