Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်တော်မြို့ ယာယီခိုလှုံရာစခန်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Aug 25,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ကျောင်းသား၊ကျောင်းသူများအား နယ်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် ၁ နာရီအချိန်က ပိုက်သည်ရပ်ကွက် မဟာကံကြီးရှင်ဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 25,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘ…
Aug 25,2023
ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆေးတက္ကသိုလ်(မန္တလေး)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံ
Aug 25,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားလိုပါက လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်မှ စက်တင်ဘာလ (၁၀) ရက်နေ့အထိ၊ နံနက် (၉:၃၀) နာရီမှစ၍ ညနေ(၄:၃၀)နာရီအတွင်း ပိတ်ရက်မရှိ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ…
Aug 25,2023
ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများနှင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပညာရှင်များ တက်ရောက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ၌ နွားအကောင်ရေ(၂၄၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများက မွေးမြူရေးနှင့်လယ်ယာလုပ်တောင်သူများ၏ နွားများတွင် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက်(၇) နာရီက ရစ်ကန်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်၊ ကိုယ်ဝန်ဆောင်ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်၊ ကိုယ်ဝန်ဆောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင…
Aug 25,2023
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့နယ်၊ သဖန်းဆိပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး၊ သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး၊ ဧရာဝတီမြစ်ရေမှ ရေကို ရေတင်ရေဖြန်းစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ၊ သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9671
Page
9672
Page
9673
Page
9674
Current page
9675
Page
9676
Page
9677
Page
9678
Page
9679
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department